မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Friday 16 December 2011

အိန္ဒိယနိုင်ငံတွင်ရခိုင်ပြည်နယ်နေ့ကျင့်ပပြုလုပ်ခဲ့


           ၃၇ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်၌ ပညာသင်ကြားနေကြသော ရခိုင်ကျောင်းသား ရဟန်းတော်များ က နာလန္ဒာတက္ကသိုလ်ဟောင်း အရှင်သာရိပုတ္တရာစေတီရှေ့၌ ကျင့်ပပြုလုပ်ခဲ့ပါသည်။
        ဒီအခမ်းနားကို ရခိုင်ကျောင်းသား ရဟန်းတော် (35) သုံးဆယ့်ငါးပါး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်ပြီး ရခိုင်သူ ရခိုင်သားများ ကျန်းမာ ချမ်းသာ ဘေးဘယာကင်းဝေးစေဘို့ မေတ္တာသုတ် ပရိတ်ဒေသနာကို ရွတ်ဖတ်ပြီး၊ ရခိုင်ပြည်နယ်နှင့်ပတ်သင့်သော အချက်အလက်များကို ပြောကြားခဲ့ပါတယ်။
     "ဗုဒ္ဓဂယာ ရှိလျှက်သားနဲ့ ဒီနေရာကို ဘာကြောင့်ရွေးရွယ်ခဲ့သလဲ" ဟု ပါဝင်ခဲ့သော ကိုတော်တပါးကို မေးသောအခါ  ဒီနာလန္ဒာတက္ကဟောင်းသည်။ မြတ်စွာဘုရားရှင်ရဲ့ တပည့်သာဝက ပညာအရာမှာကြီးမားသော ရှင်သာရိပုတ္တရာ၏ မွေးဖွားရာဒေသ နောက်ဆုံး မိခင် ပုဏ္ဏေမကြီးကို ကျေးဇူးဆပ်ရာဒေသ ပရိနဗ္ဗာန်ဝင်စံရာဒေသဖြစ်သောကြောင်း ဒီနေရာကိုရွေးရွယ်ခြင်းဖြစ်သည် ဟု ပါဝင်သော ကိုတော်က ပြောကြားခဲ့သည်။ 

ဆက်လက်ပြီး မိန့်ပုံမှာ မိမိတို့သည် အဝေးတစ်နေရာရောက်နေကြသော်လည်း အဖရခိုင်ပြည်ကို အမြဲသတိရနေလို ကျေးဇူးဆပ်ဆင်သောကြောင်း ဒီနေရာကို ရွေးရွေးခြင်းဖြစ်သည်။ ဟု ပါဝင်သော ကိုတော်တပါးကပြောကြားပြီးခဲ့ပြီ။
    အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ တက်ရောက်လာသော သံဃာများကို လဘက်ရည် ဆက်ကပ်ပြီး အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ခဲ့ကြပါသည်။




              
                          ပို့ပေးသူ
                                 အရှင်ဝိသုဒ္ဓ
                             နာလန္ဒာတက္ကသိုလ်
  
         

No comments:

Post a Comment